top of page

❝ အဖြစ်များလာကြတဲ့ Eating Disorder များ ❞

Updated: Jul 30


Infographic for 3 types of eating disorders

Eating Disorder နဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတွေ ၊ ဖြစ်တတ်တဲ့ အကြောင်းလေးတွေ Symptoms လေးတွေကိုတော့ ကျွန်မတို့တွေ သေသေချာချာလေး ပြောပြခဲ့ပြီးပြီဖြစ်ပါတယ် ။ ဒီ Eating Disorder တွေ မှာလည်း ပုံစံ အမျိုးအစားတွေ မတူညီကြပဲ အမျိုးအစားကွဲပြားကြပါသေးတယ် ။ ဖြစ်တည်လာရတဲ့ အခြေအနေအကြောင်းအရာ သက်ဆိုင်ရာ တစ်ခုစီပေါ်မူတည်ပြီးတော့ ပုံစံတွေလည်းကွဲပြားကြပါတယ် ။

🔺ဒီထဲမှာမှ အဖြစ်များလေ့ရှိတဲ့ Eating Disorder (၃) မျိုးကိုပြောပြပေးသွားမှာဖြစ်ပါတယ် အဲ့ တာတွေကတော့ -

✔️ 𝐀𝐧𝐨𝐫𝐞𝐱𝐢𝐚 𝐧𝐞𝐫𝐯𝐨𝐬𝐚

Anorexia nervosa ကတော့ လူသိအများဆုံး EDဖြစ်ပါတယ် ။ အများစုက သူတို့ကိုယ်သူက Over Weight ဖြစ်နေတယ်လို့မြင်လေ့ရှိပြီးကိုယ့်ကိုယ်အလေးချိန်ကိုလည်းမူမမှန်တဲ့နည်းတွေနဲ့ ချကြပါတယ် ။ ဝိတ်မတက်အောင် တမင်သက်သက်အစားအသောက်ကိုမစားတာ ၊ ကယ်လိုရီတွေကန့်သတ်ပြီးမစားပဲနေတာ။ ဝိတ်အရမ်းကျနေတာကိုသတိမထားမိပဲ ဝိတ်တက်မှာကိုပဲ အရမ်းကြောက်နေပြီး ၊ မတက်အောင်လည်းနည်းပေါင်းစုံနဲ့လုပ်နေတာမျိုးလုပ်လေ့ရှိကြပါတယ် ။

Anorexia မှာတော့ တရားဝင် The Restring Type နဲ့ The Binge eating and purging Type ဆိုပြီး ပုံစံ (၂) မျိုးရှိပါတယ် ။

✔️ The Restricting Typeသမားတွေကတော့ Dieting / Fasting (အစာရှောင်ခြင်း) ဒါမှမဟုတ် အလွန်အကျွံ လေ့ကျင့်ခန်းလုပ်ပြီးတော့ဖြစ်ဖြစ် ကိုယ်အလေးချိန် လျော့ကြပါတယ်။

✔️ The Binge eating and purging Type သမားတွေကတော့ အစားအစာကိုတစ်ထိုင်ထဲ အများအပြားစားလိုက်ပြီးရင် ပြန်ပြီး အော့အန်တာ၊ဝမ်းနုတ်ဆေးသောက်တာ ၊ အလွန်အကျွံ လေ့ကျင့်ခန်းလုပ်တာမျိုးလုပ်ကြပါတယ် ။

✔️ Bulimia nervosa

Bulimia nervosa Type မှာတော့ Binge Eating လို့ခေါ်တဲ့ အချိန်ကာလအပိုင်းအခြားတစ်ခုအတွင်းမှာကိုပဲ ပုံမှန်ထက်ပိုပြီးပမာဏများပြားတဲ့အစားအစာတွေကို မကြာခဏစားလေ့ရှိတဲ့အဖြစ်မျိုး တောက်လျောက်ဖြစ်နေတတ်ပါတယ် ။ အဲ့အချိန်အတွင်းမှာလည်း စားတာကိုရပ်တန့်နိုင်စွမ်းမရှိသလို ၊ ဘယ်လောက်စားလိုက်မလဲဆိုတာကိုလည်း Control လုပ်နိုင်စွမ်းမရှိပါဘူး ။အများစုက သူတို့မစားဖို့ဆုံးဖြတ်ထားတဲ့အစားအစာတွေကိုအလွန်အမင်းစားမိတတ်ပြီး ၊ စားလိုက်မိပြီဆိုတဲ့ အပြစ်ရှိစိတ် နဲ့ အစားအစာတွေကို အတင်းအကျပ်ထိုးအန်လိုက်တာမျိုး ၊ အစာရှောင်တာမျိုး ၊ ဝမ်းနှုတ်ဆေးတွေ သောက်တာမျိုး ၊ အလွန်အကျွံလေ့ကျင့်ခန်းလုပ်တာမျိုးတွေ လုပ်လာတော့တာပါပဲ ။ ဒီရောဂါခံစားနေရတဲ့သူတွေက ဝိတ်မကျသွားပဲ သာမန်ဝိတ်အလေးချိန်သာရှိတတ်ကြပါတယ် ။

✔️Binge Eating Disorder

BED သမားတွေကတော့ အစားမစားတာမျိုး၊ ကယ်လိုရီကန့်သတ်ပြီးစားသုံးတာမျိုး၊ စားပြီးမှလက်ထိုးအန်တာ နဲ့ လေ့ကျင့်ခန်းအရမ်းလုပ်တာ တို့လိုမျိုး အပြုအမူတွေကိုလုပ်လေ့မရှိကြပါဘူး ။ အများစုက ဗိုက်မဆာပဲနဲ့ ပမာဏအများကြီးကို ဗိုက်ပြည့်အင့်လာတဲ့ထိ မြန်မြန်နဲ့ သူများတွေမသိအောင်စားသုံးတတ်ကြပါတယ် ။ စားနေတဲ့အချိန်အတွင်းမှာလည်း စားနေတဲ့ပမာဏကိုရော ၊ စားချင်စိတ်ကိုရောControl မလုပ်နိုင်သလို ၊ စားပြီးတဲ့အခါမှာလည်း စားမိတဲ့အတွက် ရှက်သလိုလို ၊ အပြစ်ရှိသလိုလို အတွေးတွေဝင်လာပြီးစိတ်ဒုက္ခရောက်တတ်ကြပါတယ်။ဒါပေမဲ့ အော့အန်တာ ၊ ဝမ်းနုတ်တာ တို့လိုမျိုး အစားအသောက်ကို ဖယ်ရှားဖို့ကြိုးစားတာမျိုးတော့မရှိပါဘူးရှင့် ။

ဒါတွေကတော့အဖြစ်များတဲ့ Eating Disorder (၃) ခုပဲဖြစ်ပါတယ်ရှင့် ။ အကယ်၍ကိုယ့်မှာလက်ရှိ ဒီလို လက္ခဏာတွေနဲ့ရင်ဆိုင်နေရတယ်ဆိုရင်တော့သိပ်ကိုအန္တရာယ်များတာဖြစ်လို့ စနစ်တကျ ဆရာဝန်တွေ နဲ့အတူလိုအပ်တဲ့ရောဂါကုသမှုတွေခံယူဖို့မမေ့ပါနဲ့ရှင့်။

စိတ်နှလုံးကျန်းမာဖို့အတွက် ရင်ဖွင့်ပြောဖို့ရာ Counseling ကို စနစ်တကျ လုပ်ဆောင်ချင်ရင်တော့ Call Me Today က လူကြီးမင်းတို့အတွက် အသင့်ရှိနေပေးမှာပဲ ဖြစ်ပါတယ် ။ 💁🏻‍♀️🌿

Call Me Today ဖုန်းနံပါတ်သို့ ရုံးချိန်အတွင်းဖြစ်စေ၊Website ကနေဖြစ်စေ အချိန်မရွေးပိတ်ရက်မရှိ မြန်မာနိုင်ငံသားများအားလုံး ပြည်တွင်းပြည်ပဘယ်ကနေမဆို Online Counseling ရယူနိုင်ပါတယ်ရှင်။


☎️: 09-5131873



Comments


Categories

Other trending posts

1/15
bottom of page