top of page

ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တာက အတ္တကြီးတဲ့အပြုအမူလား? သေချာသိရဖို့ ဒီမှာဖတ်ကြည့်နော်



ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း (Self-Care) ကို အတ္တဆန်တယ်၊ တစ်ကိုယ်ကောင်းဆန်တယ်လို့ အထင်မှားလေ့ရှိကြပါတယ်။ အမှန်စင်စစ်အားဖြင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်ခြင်းကသာ ကိုယ်တိုင်အတွက်ရော၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ ကောင်းမွန်တဲ့သက်ရောက်မှုကိုဖြစ်စေနိုင်ပါတယ်။ အခြားသူကို မထိခိုက်စေသလို အခြားသူကို ဥပေက္ခာပြုရာလည်း မရောက်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ တစ်ကိုယ်ကောင်းဆန်ခြင်းဆိုတာ မိမိတစ်ကိုယ်စာ ကောင်းကျိုးရရေးအတွက် အများသူငှာကို ဆိုးကျိုးဖြစ်စေခြင်းဖြစ်ပြီး အတ္တဆန်ခြင်းဆိုတာ မိမိရဲ့ကောင်းစားရေးကိုသာ မျက်စိစုံမှိတ်ဦးစားပေးနေခြင်းဖြစ်ပါတယ်။


လူတစ်ယောက်မှာ မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းနဲ့ မိသားစု၊ ပတ်ဝန်းကျင်ကို ဂရုစိုက်ပေးခြင်း နှစ်မျိုးလုံး ဟန်ချက်ညီနေဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့၊ ဂရုစိုက်ဖို့ မေ့လျော့နေတတ်သူဟာ ဘေးပတ်ဝန်းကျင်ကိုလည်း အပြည့်အဝ ချစ်ပေး၊ ဂရုစိုက်ပေးဖို့ရာ ခက်ခဲတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရင်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာနေမှသာ အခြားသူက အကူအညီလိုအပ်တဲ့အခါတွေမှာ ပေးနိုင်မှာဖြစ်ပါတယ်။


တစ်ခါတရံမှာ မိမိရဲ့ပတ်ဝန်းကျင်က လူတွေဟာ သူတို့ရဲ့ အပြုအမူတွေနဲ့ မိမိရဲ့စိတ်ပိုင်းဆိုင်ရာကို အလွန်အမင်းထိခိုက်စေခြင်း၊ မိမိရဲ့အချိန်များကို ကုန်ဆုံးစေခြင်း၊ မိမိရဲ့ ခွန်အားကို ဆုတ်ယုတ်စေခြင်းစတဲ့ဆိုးကျိုးတွေဖြစ်စေပါတယ်။ ဒီလိုအခြေအနေနဲ့ အခိုက်အတန့်တွေမှာ ရှောင်ထွက်လိုက်ခြင်းက တစ်ကိုယ်ကောင်းဆန်တာမဟုတ်ပဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်ခြင်းသာဖြစ်ပါတယ်။ မိသားစု၊ ချစ်သူ၊ သူငယ်ချင်း၊ ပတ်ဝန်းကျင်ကို အချိန်ပေးသလိုပဲ ကိုယ်တိုင်အတွက် သီးသန့်အချိန်ပေးခြင်း (Me Time) ထားရှိခြင်းကလည်း မရှိမဖြစ်ကို လိုအပ်ပါတယ်။


ကိုယ့်ကိုယ်ကိုယ် ပိုမို တန်ဖိုးထားပြီး ဂရုစိုက်တတ်လာအောင် ပျိုးထောင်နိုင်သူတွေဟာ ကိုယ်ချင်းစာတရား၊ သဒ္ဓါတရား၊ နားလည်နိုင်စွမ်း၊ နားထောင်နိုင်စွမ်း၊ သည်းခံခြင်းတရားနဲ့အတူ မျှဝေခံစားနိုင်စွမ်းတွေ တိုးတက်လာပြီး ပတ်ဝန်းကျင်အပေါ် ကောင်းကျိုးဖြစ်စေတာကို လက်တွေ့သိရှိနိုင်လာပါလိမ့်မယ်။


ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်မဲ့နည်းလမ်းတွေဖြစ်တဲ့ အိပ်ရေးဝဝအိပ်တာ၊ အစားပုံမှန်စားတာ၊ ဝါသနာပါတာတွေလုပ်တာ၊ သဘာဝပတ်ဝန်းကျင်နဲ့ထိတွေ့တာ၊ တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာအပြင် ကိုယ်ကြိုက်တဲ့အစားအစာလေးတွေ ဝယ်စားတာ၊ ကိုယ်တိုင်လုပ်စားတာ၊ ဂျာနယ်ရေးတာ၊ အလှအပပြုပြင်တာတွေကို လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။


ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်လောက်အောင် မိမိရဲ့စိတ်ပိုင်းဆိုင်ရာက ထိခိုက်ခံစားနေရတယ်၊ ပြိုလဲနေရတယ်၊ ပင်ပန်းနေရတယ်ဆို Call Me Today ကို ဒီလင့်ကတဆင့် ဘိုကင်ရယူပြီး ရင်ဖွင့်နိုင်ကြောင်းလည်း ပြောပြပေးပါရစေ။


☎️: 09-5131873

Comments


Categories

Other trending posts

1/15
bottom of page