မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ ပညာရှင်များ
C-007
(အမျိုးသမီး စိတ်ပိုင်းဆိုင်ရာပညာရှင်)
#Anxiety & Depression, Distress, Relationship Problem, Loss & Grief, OCD, Trauma & Suicidal Ideation
ဆရာမသည် ရန်ကုန်တက္ကသိုလ်တွင်စိတ်ပညာ (ဂုဏ်ထူး) ဘွဲ့ကို ရရှိခဲ့ပြီး စိတ်ပညာ ( Master ) ဘွဲ့ကို ဆက်လက်လေ့လာခဲ့သည်။ စိတ်ကျန်းမာရေးနယ်ပယ်တွင် သုံးနှစ်ကျော်အတွေ့အကြုံရရှိပြီးသူဖြစ်သည်။ စိတ်ကုထုံးများကို သင်ယူလေ့လာနေစဉ်ကာလတွင်လည်း ဘုန်းတော်ကြီးပညာသင်ကျောင်းရှိ မိဘမဲ့ကလေးများအတွက်လည်း နှစ်သိမ့်ဆွေးနွေးမှုများကို Volunteer အဖြစ် အပတ်စဉ်ပံ့ပိုးပေးခဲ့သူလည်းဖြစ်သည်။
ဆရာမသည် တစ်ဦးချင်း စိတ်ကုထုံးမှုပေးရာတွင် စိုးရိမ်မှု၊ စိတ်ကျမှု၊ ပြင်းထန်စိတ်ဖိစီးမှု၊ ဆုံးရှုံးမှုကြောင့် သောကရောက်ရခြင်း၊ စိတ်ဒဏ်ရာအစရှိသည်တို့ကို လေ့ကျင့်သင်ယူထားသည့်စိတ်ကုထုံးများဖြင့် Clients များကို ပံ့ပိုးမှုပေးလာခဲ့သည်မှာ Clinical Hours နာရီပေါင်း ၃၆၀ အထက်ရှိခဲ့ပြီဖြစ်သည်။
ဆရာမသည် အခြေခံနှစ်သိမ့်ဆွေးနွေးမှုနှင့် စိတ်ပိုင်းဆိုင်ရာကနဦးကူညီစောင့်ရှောက်မှုများကို ပြီးမြောက်ထားသည်။ ကုထုံးအနေဖြင့် Interpersonal Therapy ဖြင့် လေ့ကျင့်ထားသည့်ပညာရှင်ဖြစ်ပြီး Integrative ADAPT Therapy ကိုလည်း လေ့လာကျင့်ယူထားသူဖြစ်သည်။
C-010
(အမျိုးသမီး စိတ်ပိုင်းဆိုင်ရာပညာရှင်)
#Anxiety & Depression, PTSD, Bipolar, Mood Disorder, Alcohol and Substance Addiction
ဆရာမသည် ဆေးပညာဘွဲ့ကို ၂၀၁၅ခုနှစ်တွင်ရရှိခဲ့ပြီး၊ ၂၀၁၉ခုနှစ်မှစ၍ စိတ်ကျန်းမာရေးကို အထူးပြုဆက်လက်သင်ယူပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာများအတွက် တစ်ဦးချင်းစီ၏ လိုအပ်ချက်ပေါ်မူတည်ပြီး ကုသမှု ပေးနေသူဖြစ်ပါတယ်။ လက်ရှိတွင်လည်း Global Mental Health Course ကိုလေ့လာနေပြီး Mental Health Teleconsultation အတွက်တာဝန်ယူလုပ်ကိုင်နေသူလည်းဖြစ်ပါသည်။
လူမှုပတ်ဝန်းကျင်နဲ့ နေ့စဥ်ဖြတ်သန်းလာတဲ့အခါမှာ စိတ်ရှုပ်ထွေးခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ အရက်ဘီယာနှင့် စိတ်ကိုတက်ကြွမူးယစ်စေသောပစ္စည်းများကို အလွန်အကျွံသုံးစွဲမိခြင်း စသည်ဖြင့်ခံစားရပြီဆိုလျှင် ဘယ်အရာတွေက အခုလို အပြုအမူတွေ ဖြစ်စေသလဲ။ အခုလို စိတ်ပိုင်းဆိုင်ရာ အပြူအမူပိုင်းဆိုင်ရာ ပြောင်းလဲလာတဲ့အပေါ်မှာ စိုးရိမ်စိတ်များ ကြောက်လန့်စိတ်များဖြစ်ပေါ်နေလား? ကိုယ့်မှာ စိတ်ရောဂါများဖြစ်နေသည်ဟု သံသယစိတ်များ ဖြစ်ပေါ်နေသလား။ဒီလိုမျိုးခံစားနေရပြီဆိုလျှင် ဆရာမက ကူညီပေးနိုင်ပါသည်။
စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ တစ်ယောက်တည်းရင်ဆိုင်ဖို့အခက်အခဲရှိတယ်ဆိုရင် ဆရာမက Stress Coping Skill, Stress Management, CBT, PCT စသည်ဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာများအတွက်လိုအပ်သလို ကူညီပေးနိုင်ပါတယ်။ သင့်ရဲ့ နေ့စဉ်စိတ်ဖိစီးမှုကိုကျော်လွှားနိုင်ရန်နှင့် စိတ်အခြေအနေကို ပိုမိုတိုးတက်ကောင်းမွန်စေရန်, သင့်ရဲ့စိတ်ပိုင်းဆိုင်ရာဆွေးနွေးတိုင်ပင်မှုများတွင် အဖော်ပြုပေးသွားမှာဖြစ်ပါသည်။ စွဲလမ်းမှုဆိုင်ရာပြဿနာများခံစားနေရသူတွေအတွက် လူမှုအဖွဲ့အစည်းမှ လက်မခံ၊ရှောင်ကြဉ်ခံရမှုများနှင့် ခွဲခြားဆက်ဆံခံရမှုများအပေါ် တတ်ကျွမ်းသူများ၏ သင့်လျော်သည့်အကူအညီရရှိနိုင်စေရန်ကူညီပေးချင်ပါသည်။
C-011
(အမျိုးသမီး စိတ်ပိုင်းဆိုင်ရာပညာရှင်)
#CBT, Stress, Anxiety, and Depression
ဆရာမသည် MBBS (YGN) ရန်ကုန်ဆေးတက္ကသိုလ် ( ၁ ) တွင်ဘွဲ့ရရှိခဲ့ပြီး၊ စိတ်ရောဂါကုသမှုဆိုင်ရာ ( Psychiatry ) ဘွဲ့လွန်ကိုလည်းရရှိခဲ့ပါတယ်။ YMH ဆေးရုံမှာစိတ်ရောဂါကု အထူးပြု ဘွဲ့လွန်ကျောင်းသားတစ်ဦးအနေဖြင့် လူတစ်ဦးတစ်ယောက်ချင်းစီ၏ စိတ်ကျန်းမာရေးအပေါ် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေရန် လုပ်ဆောင်ပေးခဲ့ပါတယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်မှုနှင့် စိတ်ဓာတ်ကျမှုအပါအ၀င် အမျိုးမျိုးသောစိတ်ကျန်းမာရေးဆိုင်ရာပြဿနာရပ်များရင်ဆိုင်နေရသော Client ( 100 ) ကျော်ထံ ဆွေးနွေးတိုင်ပင်ခြင်းများထောက်ပံ့ပေးခဲ့ပါတယ်။ Client များအတွက် အထောက်အကူဖြစ်စေပြီး ကုသပေးနိုင်စသော ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ရန် အဖွဲ့လိုက် ကုထုံးအချိန်များတွင် ပါဝင်ခဲ့ပါသည်။
ဆရာမသည် Client များနှင့် ယုံကြည်ရသောကုထုံးဆိုင်ရာအခြေအနေကို မြှင့်တင်ပေးရန်အတွက် ကောင်းမွန်သောဆွေးနွေးတိုင်ပင်ခြင်း နှင့် ကိုယ်ချင်းစာတက်ပြီး၊ ဝေဖန်မှုကင်းသောချဥ်းကပ်မှုဖြင့်အစပြုပါတယ်။ Client တွေ့ကြုံနေရာသော စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို ကူညီပေးပြီး အလုံးစိတ်စုံကျန်းမာရေး တိုးတက်ကောင်းမွန်လာစေရန်အတွက် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများနှင့် လိုအပ်သည့်ကုထုံးဆိုင်ရာ ပါဝင်ဆောင်ရွက်ပေးမှုများကို ဖန်တီးပေးခဲ့ပါသည်။
ဆရာမသည် အပြုအမူဆိုင်ရာကုထုံး (CBT)နှင့် စိတ်ဖြေလျော့ခြင်းနည်းလမ်းများကိုပါ အသုံးပြုပေးပြီး မိမိကိုယ်ကို ရှာဖွေတွေ့မြင်လာနိုင်စေဖို့လမ်းကြောင်းကို စတင်ဖို့ရန် ပံ့ပိုးပေးနိုင်ပါတယ်။ လူတစ်ဦး၊တစ်ယောက်၏ တွေးခေါ်မှုပုံစံများ၊ အကျိုးမရှိစေသော အပြုအမူများကို ထိထိရောက်ရောက် ထိန်းညှိပေးပြီး ပိုမိုကျန်းမာသောဘဝများကို ရရှိစေနိုင်ရန် အားပေးကူညီသည့် လက်တွေ့ကျသောနည်းလမ်းများကို ဖန်တီးပေးနိုင်ပါသည်။
C-015
(အမျိုးသမီး စိတ်ပိုင်းဆိုင်ရာပညာရှင်)
#Stress Management, Anxiety & Depression, Relationships, Loss & Grief, Anger, Adolescents, Communication, Self-Esteem and Setting Boundaries
ဆရာမသည် သြစတြေးလျနိုင်ငံ မယ်လ်ဘုန်းမြို့ရှိ University of Melbourne တွင် စိတ်ပညာကို အထူးပြုဘာသာရပ် အနေနဲ့ သင်ယူပြီးမြှောက်ထားဖြစ်ပြီး လက်ရှိအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ စိတ်ကျန်းမာရေး ပံ့ပိုးမှုဆိုင်ရာ အဖွဲ့အစည်းတွေမှာလည်း တက်ကြွစွာ တာဝန်ထမ်းဆောင်နေပါတယ်။ ဆရာမရဲ့ ပညာသင်စဥ်ကာလတွေမှာတော့ University of Melbourne, Trinity College ရဲ့ Senior Mentor တစ်ဦးအနေနဲ့ Junior နိုင်ငံတကာကျောင်းသားများ တွေ့ကြုံရနိုင်တဲ့ ရုန်းကန်မှုတွေအတွက် ကူညီပံ့ပိုးပေးခဲ့ပါတယ်။
ဆရာမဟာ အရွယ်ရောက်ပြီးသား လူကြီးတွေနဲ့သာမကပဲ ဆယ်ကျော်သက်လူငယ်တွေ၊ ကလေးသူငယ်တွေကိုပါ နစ်သိမ့်ဆွေးနွေးပေးတဲ့ အတွေ့အကြုံရှိ သူ တစ်ဦး ဖြစ်ပါတယ်။ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း၊ မိသားစုနဲ့ Relationship ပိုင်းဆိုင်ရာ အကြောင်းအရာများ၊ Grief & Loss လို့ခေါ်ကြတဲ့ မိမိချစ်ခင်ရသူများကို ဆုံးရှုံးရခြင်းအစရှိတဲ့ အကြောင်းအရာများအတွက် ဆရာမ က ကူညီပေးနိုင်ပါတယ်။
လူတိုင်းမှာ ဘဝရဲ့ အခက်အခဲတွေကို ရင်ဆိုင်ကိုင်တွယ်ဖို့ လုံခြုံတဲ့နေရာလေးတစ်ခု ရှိသင့်တယ်လို့ ဆရာမဟာ ယုံကြည်လက်ခံထားပါတယ်။ ဒါကြောင့် ဆရာမအနေနဲ့ ဆွေးနွေးနှစ်သိမ့်မှုတွေ ဆောင်ရွက်တဲ့အခါမှာ Client တွေ အနေနဲ့ ကိုယ့်ရဲ့ အကြောင်းကို လုံခြုံစွာပြောနိုင်ပြီး ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်တွေက ကိုယ့်ကို ဘယ်လို အကျိုးသက်ရောက်မှုမျိုးရှိခဲ့တယ်၊ ပိုပြီး အဓိပ္ပာယ်ရှိစွာ နေ့စဥ်ဘဝမှာ နေထိုင်နိုင်ဖို့ ဘယ်လို ကြိုးစားကြမယ်အစရှိတာတွေကို ပိုမိုသိမြင်နားလည်စေနိုင်ဖို့ အမြဲတစေ ကြိုးပမ်းနေပါတယ်။
C-016
(အမျိုးသမီး စိတ်ပိုင်းဆိုင်ရာပညာရှင်)
#Anxiety & Depression, Bipolar Disorder and other Psychological Distress Management, Cognitive Behavioral Therapy
ဆရာမသည် ဆေးတက္ကသိုလ်ဘွဲ့ရ ဆရာဝန်တစ်ဦးဖြစ်ပြီး စိတ်ကျန်းမာပညာကို ဘွဲ့လွန်အဖြစ် လေ့လာလျက်ရှိပြီး၊ Diploma In Cognitive Behavioral Therapy ပြီးမြောက်ထားသူလည်းဖြစ်ပါသည်။ လက်ရှိတွင် Global Mental Health Course ကိုလေ့လာနေသူ တစ်ဦးလည်းဖြစ်ပါသည်။ စိတ်ကျန်းမာရေး ကုသမှုဆိုင်ရာ လုပ်ငန်း အတွေ့အကြုံ ( ၃ )နှစ်ရှိထားပြီး၊ လက်ရှိတွင် Call Me Today တွင် Mental Health Practitioner အဖြစ် လုပ်ကိုင်လျက်ရှိသူ ဖြစ်ပါတယ်။
စိတ်ကျန်းမာရေး ဝေဒနာများ၊ နေ့စဉ်ကြုံတွေ့ ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ၊ အတွေးအမြင် လွဲမှားမှု အခက်အခဲများကို တိုင်ပင်ဆွေးနွေးမှု ပြုလုပ်ပေးနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ၊ အခက်အခဲ ပြဿနာတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ Cognitive Behavioral Therapy သိမြင်မှုနှင့်အပြုအမူဆိုင်ရာ ပြုပြင်ပြောင်းလဲပေးသည့် ကုထုံးများ အသုံးပြု၍ ကူညီပေးနိုင်ပါတယ်။
C-017
(အမျိုးသမီး စိတ်ပိုင်းဆိုင်ရာပညာရှင်)
#Relationship and Family Counselling, Person-Centered, Integrative Adapt Therapy, Neurosis, and Stress management.
၂၀၁၈ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ B.A(Hons) Psychology နှင့် ဘွဲ့ရထားပါသည်။ Healing Burma project တွင်လည်း (၁) နှစ်တာ စိတ်ဒဏ်ရာနှင့်ပတ်သတ်သော ဆွေးနွေးနှစ်သိမ့်ခြင်း( Trauma Counselling & Training ) သင်ယူတက်မြောက်ထားသူလည်းဖြစ်ပါသည်။ လက်ရှိတွင် Call Me Today မှာ Mental Health Practitioner အနေဖြင့် လုပ်ဆောင်နေလျက်ရှိပါသည်။
ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသည် လူသားတိုင်းအတွက် အရေးကြီးသကဲ့သို့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးသည်လည်း အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်ကို နားလည်ယုံကြည်ထားပြီး Client များကိုယ်ကိုယ်ပြဿနာများကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ဖြေရှင်းနိုင်ပြီး အဆင်ပြေသောအခြေအနေတစ်ခုထိရောက်အောင် ကူညီပေးနိုင်ပါသည်။
စိတ်ခံစားချက်များ နှင့်ပတ်သတ်၍ Person-Centered Approach မှ ဆွေးနွေးပါမည်။
C-018
(အမျိုးသား စိတ်ပိုင်းဆိုင်ရာပညာရှင်)
#Relationship Counselling ( Couple,Marriged,Family ) &,CBT Therapy
ဆရာသည် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် Industrial Chemistryနဲ့ ဘွဲ့ရရှိခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်မှစ၍ Mental Health Industry မှာ Volunteer Counselor အနေနဲ့ လုပ်ဆောင်ခဲ့ပါတယ်။ စိတ်ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ဆောင်းပါးတွေ Relationship ဆောင်းပါးတွေကို ရေးသားတင်ဆက်ခဲ့ပြီး ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုကနေ Counseling ဘာသာရပ်ကို အောင်မြင်စွာ သင်ယူပြီးမြောက်ခဲ့ပါသည်။ Mental Heal မှာလည်း Volunteer Counselor အနေနဲ့ (၁) နှစ်လုပ်ဆောင်ခဲ့ပါတယ်။ သည့်အပြင် Psychology နဲ့ပတ်သက်တဲ့ဘာသာရပ်ကိုလည်း လေ့လာသင်တက်ရောက်ခဲ့ပါတယ်။ လက်ရှိမှာ Call Me Today မှာလည်း ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။
Relationship ပြသာနာတွေခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို နေ့စဥ်လူနေမှုဘဝမှာ ကြုံတွေ့နေရတဲ့ Self-awareness,Self-developementအတွက် စိတ်ပိုင်းဆိုင်ရာလမ်းညွှန်မှုတွေ Domestic Abuse/ Violence များအတွက် ဆွေးနွေးတိုင်ပင်လို့ရပါတယ်နော်။
Client တစ်ဦးချင်းစီ ပေါ်မှာမူတည်ပြီ သင့်တော်တဲ့ Approach တွေနဲ့ သူတို့ရဲ့ Scenario လေးကို သေချာနားထောင်ပေးပြီး Cognitive ပိုင်းအရ Behavior Pattern တွေ သူတို့ရဲ့စိတ်ခံစားချက်တွေကို Self-Control ကောင်းကောင်း ထိန်းချုပ်ကိုင်တွယ်နိုင်သွားသည်အထိ ဘေးကနေ အကောင်းဆုံး Support လုပ်ပေးနိုင်သူတစ်ယောက်ဖြစ်ပါတယ်။
C-024
(အမျိုးသား စိတ်ပိုင်းဆိုင်ရာပညာရှင်)
#Stress Management, Relationship & Family Problems, Loss & Grief, Dilemma, Trauma, (Anxiety & Depression, Psychosis and Mood Disorders)
ဆရာသည် မန္တလေး-ဆေးတက္ကသိုလ်တွင် ဆေးပညာဘွဲ့ကိုရရှိခဲ့ပြီး ( WHO mhGAP Medical Training Doctor တစ်ဦးလည်းဖြစ်သလို၊ Global Mental Health (E-learning Program, University of Washington) တွင်လည်းတက်မြောက်ထားသူဖြစ်ပါသည်။ လက်ရှိတွင် နိုင်ငံတကာ အဖွဲ့အစည်း NGO တစ်ခုမှာ စိတ်ပိုင်းဆိုင်ရာ တာဝန်ခံ (ဆရာဝန်) အနေနဲ့ တာဝန် ထမ်းဆောင်နေပါတယ်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ပတ်သက်ပြီး Mental Health Counseling အတွေ့အကြုံ ( ၂ ) နှစ်ကျော် ပြီး Healing Burma မှာလည်း Trauma Counsellor အနေနဲ့ ပါဝင်ဆောင်ရွက် ခဲ့ပါတယ်။ စိတ်ကျန်းမာရေး နဲ့ ပတ်သက်တဲ့ ဟောပြောပွဲ၊ သင်တန်းတွေမှာလည်း Speaker & Trainer အဖြစ် ဆောင်ရွက်လျက် ရှိပြီး (Programs and Workshops) တွေလည်း စဉ်ဆက်မပြတ် သင်ယူတက်မြောက်ထားသူလည်းဖြစ်ပါတယ်။ ကျွန်တော်ဟာ လူသားတိုင်း တန်းတူညီတူ ရှိရေးကို တန်ဖိုးထား ဖြစ်ပြီး လူသားချင်း ခွဲခြားဆက်ဆံခြင်း ကို ရှုံ့ချ သူ ဖြစ်ပါတယ်။ စိတ်ပညာ နဲ့ ပတ်သက်တဲ့ ဆရာဝန်အလုပ် လုပ်နေတဲ့ အတွက်စိတ်ကျန်းမာရေးဆေးဝါးကုသမှုကိုလည်း ဆွေးနွေးတိုင်ပင် နိုင်ပါတယ်။
ဘဝမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာတွေကို သင်နဲ့ အတူ ကူညီဖြေရှင်းပေးသွားမှာဖြစ်ပြီး ကျွန်တော်နှင့်ဆွေးနွေးအဖြေရှာဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျွန်တော် နဲ့ Counseling လုပ်ပြီးတဲ့နောက်မှာ သင့်ပြဿနာတွေကို မတူညီတဲ့ အမြင်ကနေ ကြည့်တတ်လာမယ်၊ Problem-Solving Skills တွေ တိုးလာမယ်၊ မိမိ ဘဝကို လည်း ဘယ်လို ပျော်ရွှင်စွာ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းရမယ်ဆိုတာကို သိလာမယ်၊ ကိုယ့်ဘဝကို ကျေနပ်လက်ခံ တတ်လာမယ်၊ Psycho-education & Knowledge တွေ တိုးလာမယ် လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဆရာဟာ Client-Centered Approach ကို အသုံးပြုတဲ့ အတွက် Counseling မလုပ်ဖူးသူအတွက်လဲ စိုးရိမ်ဖို့ မလိုပါဘူးနော်။ ဒါ့အပြင် Groundings, Breathing Exercises, Mindfulness အစရှိတဲ့ နည်းလမ်း တွေကိုလည်း လိုအပ်သလို ထည့်သွင်း အသုံးပြုသွားမှာ ဖြစ်ပါတယ်။
C-026
(Female Mental Health Practitioner)
#Relationship Counseling (Family, Friends, Relationship Problems), Self-care and Emotional Wellness
ဆရာမသည် ရန်ကုန်တက္ကသိုလ် စိတ်ပညာအထူးပြု လေ့လာနေခဲ့သူတစ်ဦးဖြစ်သည်။ ယခုကာလတွင် စိတ်ကျန်းမာရေးအခြေပြုအဖွဲ့အစည်းများမှ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်းနှင့် ပံ့ပို့းကူညီခြင်း၊ PFA နှင့် စိတ်ဒဏ်ရာအခြေပြုပံ့ပိုးမှု၊ Lay-counselor Skills Training and Exam တို့ကို သင်ယူတတ်မြောက်ဖြေဆိုထားပြီး အခမဲ့စိတ်ကျန်းမာရေးထောက်ပံ့သည့် အဖွဲ့အစည်းများတွင် Mental Health Supporter, Lay Counselor အဖြစ် စေတနာ့ဝန်ထမ်း ပြုလုပ်ခဲ့သည်။ လက်ရှိ Call Me Today တွင် Mental Health Practitioner အဖြစ် လုပ်ကိုင်လျက်ရှိပြီး အခြားသောစိတ်ကျန်းမာရေးအဖွဲ့အစည်းများတွင် Associate Counselor တစ်ဦးအဖြစ် Client များကို ဆွေးနွေးတိုင်ပင်ပေးလျက်ရှိပါသည်။
ဆရာမသည် လူသားတိုင်း၏ နေ့စဉ်လူနေမှုဘဝတွင် စိတ်ကျန်းမာရေးသည် အရေးကြီးသော အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်သည်ဟု ယုံကြည်ထားပြီး Client များ ကြုံတွေ့ခံစားနေရသော စိတ်အဆင်မပြေမှုများ၊ စိတ်ပိုင်းဆိုင်ရာပြဿနာအခက်အခဲများကို ဝေဖန်အပြစ်တင်ခြင်းမရှိဘဲ လုံခြုံနွေးထွေးစွာဖြင့် နှစ်သိမ့်ဆွေးနွေးတိုင်ပင်ပေးနိုင်ပါသည်။
Client များ၏ စိတ်ခံစားချက်များနှင့် စိတ်အဆင်မပြေမှုများအတွက် Person-centered Approach ကို အသုံးပြုကာ ပြဿနာများကိုအတူတကွအဖြေရှာ၍ မိမိကိုယ်တိုင်ဖြေရှင်းနိုင်ရန် ကူညီဆွေးနွေးပေးပါသည်။