top of page

လမ်းပျောက်နေတဲ့ ကျောင်းသားလူငယ်တွေအတွက် အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနည်း




လမ်းလျှောက်နေရင်းနဲ့ လမ်းပျောက်တယ်ဆိုတာဟာ လူတိုင်း ဖြစ်လေ့ ဖြစ်ထ ရှိပါတယ်။ တခါတရံ တွေးမိကြလိမ့်မယ်၊ ကိုယ်လုပ်နေတာတွေက အဓိပ္ပါယ်ရော ရှိရဲ့လား၊ အခုလုပ်နေတာတွေက ဘာထူးခြားမှု ရှိနိုင်မှာလဲ စတဲ့ မေးခွန်းတွေနဲ့ မွန်းကြပ်ပြီး ဘာမှ မလုပ်ချင်တော့အောင် ခြေစုံရပ်နေမိတဲ့ အခိုက်အတန့် ကြုံဖူးမှာပါ။ ဒီလို အခြေအနေမှာ ဘယ်လို ကိုင်တွယ်ဖြေရှင်း သင့်လဲဆိုတာကို ဒီမှာ ပြောပြပေးသွားပါမယ်။ 


(၁) ကိုယ် ဘာကို လိုချင်တာလဲ သိအောင်လုပ်ပါ 


စာသင်နေတဲ့ အရွယ် ကျောင်းသားလူငယ်မှာ ရည်မှန်းချက် ဆိုတာ ရှိသင့်ပါတယ်။ ခမ်းနားကြီးမားတဲ့ ရည်မှန်းချက် မဟုတ်ရင်တောင် ပန်းတိုင် အသေးလေးတွေတော့ ကိုယ်စီ ချမှတ်ထားကြမှာပါ။ ဒီ ပန်းတိုင်တွေကို ပြန်လည်စဉ်းစားကြည့်ပြီး ကိုယ်လိုချင်တာက ဘာလဲ၊ အခုလုပ်နေတဲ့ အရာတွေက ဒီပန်းတိုင်အတွက် အကျိုးပြုနေတာ သေချာလားဆိုတာကို ကိုယ်တိုင် မေးခွန်း ပြန်ထုတ်ဖို့ လိုပါတယ်။ 


(၂) တိုးတက်ရာ လမ်းကြောင်း ရှာဖွေပါ 


တခါတရံ နေ့စဉ် လုပ်နေကျအပြုအမူတွေ၊ တွေးနေကြ အတွေးတွေဟာ သင့်ကို ငြီးငွေ့လာစေပါတယ်၊ ဒီအချိန်မှာ မတူတဲ့ စဉ်းစားတွေးခေါ်ပုံတွေနဲ့ ကိုယ့်အတွက် အပြောင်းအလဲ ဖြစ်စေမယ့် တိုးတက်မှုတွေကို ရှာဖွေဖို့ ပြန်လိုအပ်လာပါတယ်။ ဥပမာ ကိုယ်အခုသွားနေတဲ့ ပညာရေးလမ်းကြောင်းထက် ပိုတဆင့်မြင့်တဲ့ အရာတခုကို မျှော်လင့်ပြီး လျှောက်လမ်းတာမျိုးကို ပြောတာ ဖြစ်ပါတယ်။ 


(၃) အဓိကအရာတွေကို ဦးစားပေးပါ 


လမ်းပျောက်သလိုလို၊ စိတ်လေသလိုလို ခံစားရတဲ့အခါမှာ ဒီလို ခံစားချက်ကို ဖြစ်စေတဲ့ အကြောင်းပြချက် တခုခုက အမြဲ ရှိနေပါတယ်။ ဥပမာ- ပတ်ဝန်းကျင်ရဲ့ အတွေးအမြင်၊ စကားတွေ၊ အပြောင်းအလဲတွေ စတဲ့ အရာတွေကို ခံစားရတဲ့အခါ စိတ်လေပြီး လမ်းပျောက်တာမျိုး ရှိနိုင်ပါတယ်။ ဒီလို အခြေအနေမှာ အရေးကြီးဆုံးက စိတ်ကို ပြန်စုစည်းပြီး အရေးကြီးဆုံးဖြစ်တဲ့ ကိုယ့်ရဲ့ ပန်းတိုင်ကို ပြန်လည် တည့်မတ်ဖို့ လိုပါတယ်။ 


(၄) ကိုယ့်ကိုကိုယ် အချိန်ပေးပြီး ဂရုစိုက်ပါ 


လမ်းပျောက်တဲ့အခါ မှာ အကောင်းဆုံး နည်းလမ်းက သင့်ကိုယ်တိုင် ပြန်ရှာဖွေဖို့အတွက် နေရာတခု ပေးလိုက်ပါ။ သင့်ရဲ့ ဖြစ်တည်မှုတွေကို ပြန်တွေ့ဖို့၊ သင့်ရဲ့ ချစ်ခင်နှစ်သက် တန်ဖိုးထားတဲ့ အရာတွေကို ပြန်လည် မြင်နိုင်ဖို့ စသည်ဖြင့် မွန်းကြပ်နေတဲ့ ခံစားချက်တွေကို ရှင်းလင်းစွာ ပြန်ဖြေချဖို့ လိုပါတယ်။ ဒီလို အချိန်မှာ တရားထိုင်တာ၊ Journaling လုပ်တာတွေကလည်း ထိရောက်တဲ့ self care ပြုလုပ်ခြင်း နည်းလမ်းတွေ ဖြစ်ပါတယ်။ 


(၅) အကူအညီ ရယူပါ 


လူတိုင်းဟာ ကိုယ့်ကိုကိုယ် အသိဆုံးဆိုပေမယ့် တခါတရံ ကိုယ့်ဆီမှာ ရှိနေတဲ့ အရာတွေကို ကိုယ်တိုင်မြင်ဖို့ ခက်ခဲတာတွေ ရှိနိုင်ပါတယ်။ ဒီအချိန်မှာတော့ ကျွမ်းကျင်တဲ့ ပညာရှင်ရဲ့ အကူအညီကို ယူပြီး နှစ်သိမ့်ဆွေးနွေးတာ ပြုလုပ်သင့်ပါတယ်။ ဒီနည်းလမ်းဟာ အလွန် ထိရောက်သလို  လမ်းပျောက်နေချိန်မှာ ပြန်လည် ရှာတွေ့နိုင်ဖို့ စိတ်ပညာနည်းအရ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 


လူတိုင်းဟာ မကြာခဏဆိုသလို လမ်းပျောက်လေ့ ရှိကြပြီး ဒါဟာ ပုံမှန် ဖြစ်ရိုးဖြစ်စဉ် တခုပါပဲ။ လမ်းပျောက်တာဟာ လမ်းမှန်ကို ပြန်ရှာတွေ့နိုင်ဖို့ အကောင်းဆုံး အခွင့်အလမ်းတခု ဖြစ်သလို သင့်ကိုယ်သင် ပြန်လည် ချိတ်ဆက်မိနိုင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 


အကယ်၍ သင့်အနေနဲ့ နှစ်သိမ့်ဆွေးနွေးဖို့အတွက် လိုအပ်လာပြီဆိုရင်… Call Me Today မှတဆင့် ပညာရှင်တွေနှင့်တွေ့ဆုံကာ အခုပဲ နှစ်သိမ့်ဆွေးနွေးနိုင်ပါပြီ။ Booking ပြုလုပ်ရန်အတွက် ဒီနေရာကို နှိပ်ပါ။


☎️: 09-5131873




Categories

Other trending posts

1/26
bottom of page