top of page

❝ ချို့ယွင်းချက်တွေရှိနေတာက ဝမ်းနည်းစရာမဟုတ်ပါဘူး ။ ❞

Updated: Jul 5




လူရယ်လို့ဖြစ်လာတာနဲ့အမျှ လူတိုင်းလူတိုင်းရဲ့ဘဝမှာ အမြဲတမ်းပြီးပြည့်စုံနေတယ် ဆိုတာ မရှိကြပါဘူး ။ ဘဝမှာကြုံတွေ့ရတဲ့ အခန်းကဏ္ဏတွေမတူညီကြသလိုရင်ဆိုင်လာရတဲ့အခက်အခဲတွေဆိုတာလည်းမတူကြပါဘူး ။ ဒါကြောင့်ပဲ လူတွေအနေနဲ့ ကြုံတွေ့ရတဲ့အခြေအနေတွေအပေါ်ကိုလိုက်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ ၊ ပြသနာတွေ ဆိုတာရှိလာကြပါတယ်။

✅ စိတ်ပိုင်းဆိုင်ရာအရ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျဆင်းတာတွေ ၊ Social Anxiety ခံစားရတာတွေ ၊ စိတ်အတက်အကျအစွန်းရောက်မြန်တဲ့ Bipolar ကိုကြုံတွေ့နေရတဲ့သူတွေ နဲ့ အခြားသောစိတ်ပိုင်းဆိုင်ရာ နေမကောင်းဖြစ်နေတဲ့ သူတွေ ဆိုတာလည်း အများကြီးရှိနေတာပဲဖြစ်ပါတယ် ။

✅ ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာအရမှာလည်း ကိုယ်လက်အင်္ဂါ မသန်စွမ်းကြသူများ ၊ ဆွံ့အနားမကြား (Deaf) နဲ့ အခြားသော ကိုယ်လက်အင်္ဂါ ဆုံးရှုံးထားရတဲ့သူတွေလည်း ရှိကြပါတယ် ။ အချို့က မွေးရာပါဖြစ်သလို အချို့ကလည်း အထက်ကဖော်ပြခဲ့တဲ့ မတူညီတဲ့ ဘဝ ရင်ဆိုင်ဖြတ်သန်းရပုံတွေကြောင့် ကြုံတွေ့လာကြရတာဖြစ်ပါတယ်။

ကိုယ့်မှာ ဒီလိုမျိုး အခြေအနေတွေ ရှိနေတဲ့အတွက် ကြောင့် စိတ်ပင်ပန်းရတာမျိုး ၊ စိတ်ညစ်ရတာမျိုးအပြင် နောက်ဆုံး စိတ်နာကျင်ခံစားရတဲ့ ဒဏ်ကိုပါကြုံတွေ့လာနိုင်ပါတယ် ။ ဒီနိုင်ငံမှာသာကျွန်မတို့အနေနဲ့ အချင်းချင်းပံ့ပိုးကူညီမှုတွေရှိနေလို့ ခွဲခြားဆက်ဆံမှုတွေ ဆိုတာ တော်ရုံမကြုံတွေ့ရပေမဲ့ ၊ နိုင်ငံတကာမှာတော့ ခွဲခြားဆက်ဆံမှုတွေ ၊ အနိုင်ကျင့်တာတွေ နဲ့ ရင်ဆိုင်နေကြတဲ့ လူတွေ အများကြီးရှိနေတာပဲဖြစ်ပါတယ် ။ လူတိုင်းလူတိုင်းအပေါ်မှာ ခွဲခြားမှုမရှိပဲ တန်းတူညီမျှ ဆက်ဆံဖို့ ၊ အားနည်သူကို အားပေးပြီး ကူညီစောင့်ရှောက်ပေးဖို့ က သိပ်ကိုအရေးကြီးလွန်းပါတယ် ။

ဒါကြောင့် ကိုယ့်အနေနဲ့ စိတ်ထဲခံစားရသမျှကို ရင်ဖွင့်ပြောဖို့ရာ ၊ တိုင်ပင်ဖို့ရာ လိုအပ်နေပြီဆိုရင်တော့ Counseling ကို စနစ်တကျ လုပ်ဆောင်လို့ရတဲ့ Call Me Today က လူကြီးမင်းတို့အတွက် အသင့်ရှိနေပေးမှာပဲ ဖြစ်ပါတယ် ။

ကိုယ်ရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေအတွက် ရင်ဖွင့်ပြောဖို့ရာ Counseling ကို စနစ်တကျ လုပ်ဆောင်ချင်ရင်တော့ Call Me Today ဖုန်းနံပါတ်သို့ ရုံးချိန်အတွင်းဖြစ်စေ၊Website ကနေဖြစ်စေ အချိန်မရွေးပိတ်ရက်မရှိ မြန်မာနိုင်ငံသားများအားလုံး ပြည်တွင်းပြည်ပဘယ်ကနေမဆို Online Counseling ရယူနိုင်ပါတယ်ရှင်။


☎️: 09-5131873


Comments


Categories

Other trending posts

1/17
bottom of page